ရေဖြူ အောက်တိုဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၌ ယမန်နေ့နံနက် (၉)နာရီအချိန်က ပညာ သင်ယူခွင့်အခွင့်အလမ်းများ ရရှိလာ စေရန်၊ ကာကွယ်ဆေးလွှမ်းခြုံမှုအလျှင်အမြန် ရရှိစေရန်နှင့် မိသားစုနှင့်ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီး ရန်ရည်ရွယ်၍ အသက် (၁၂)နှစ် နှင့်အထက် ကျောင်းနေအရွယ်ကလေးတိုင်းကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ပိုစတာ ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူဆောင်ရွက် ခဲ့ကြ ကြောင်းသိရသည်။
အဆိုပါ ဗီနိုင်းဆိုင်းဘုတ်များအား ရေဖြူမြို့၊(ဂ)ရပ်ကွက်၊ရေး-ထားဝယ်လမ်းမကြီး၌ စိုက်ထူ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ ဆိုင်းဘုတ်စိုက်ထူရာသို့ ရေဖြူမြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမိုးဆန်းထွန်း၊မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်မိုးမြင့်၊ မြို့နယ်စည်ပင်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဝင်းရွှေတို့က ကြည့်ရှု အားပေး ခဲ့ကြကြောင်း သိရသည်။
ရေဖြူ(ပြန်/ဆက်)