တနိုင်း အောက်တိုဘာ ၁၅
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူမျိုးဘာသာမရွေး မြို့နယ်အတွင်း စုရပ်(၂)နေရာ သတ်မှတ်၍ ယမန်နေ့ နံနက်(၈)နာရီခွဲ အချိန်ကစတင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ မြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့် အမှတ်(၁၀) တပ်မတော်ဆေးရုံကုတင်(၂၅)ဆံ့မှ ဆရာဝန်နှင့် သူနာပြုများက ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm (Vero)အမျိုးအစားဖြစ်ပြီး တနိုင်းမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်လုံး(၅)ဦး ထိုးဆေး (၁၀၀)လုံး လူဦးရေ(၅၀၀)ဦး စတင်ထိုးနှံပေးခြင်းကို တနိုင်းမြို့ ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံစုရပ်၊ အ.ထ.က (၁)စုရပ် စုရပ်(၂)နေရာသတ်မှတ်၍ အောက်တိုဘာလ(၁၄)ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ရှိသူများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ Volunteer ပရဟိတများ၊ ဘုန်းကြီး၊ သီလရှင်၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံများ၏ ဝန်ထမ်းများ၊ အကျဉ်းသား/ အချုပ်သား၊ ဟိုတယ်/ မိုတယ်/ တည်းခိုခန်း၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်းများ၊ Super Market/ ဈေးရောင်းသူ ပြည်သူများကို ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
၎င်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ အဖွဲ့ဝင် ဗိုလ်မှူးတေဇာအောင်၊ အတွင်းရေးမှူး ရဲမှူးလှမြင့်၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ သန့်ဇင်ဦးနှင့် ဝန်ထမ်းများ၊တနိုင်းမြို့ အမှတ်(၁၀)တပ်မတော်ဆေးရုံကုတင်(၂၅)မှ ဆေးရုံတပ်မှူး ဗိုလ်မှူးထွန်းထွန်းနိုင်နှင့် အထွေထွေရောဂါကုသမားတော် ဒေါက်တာ ငြိမ်းချမ်းအောင်ဦးစီး၍ ကျန်းမာရေး ဝန်ထမ်းများက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ရပ်ကွက်အုပ်ချုပ်ရေမှူးများ ပူးပေါင်းပါဝင်၍ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။
ဝါဝါ