ညောင်တုန်းမြို့နယ်တွင် ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် Online စနစ်ဖြင့် တင်ဆက်

ညောင်တုန်း အောက်တိုဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍  ကိုယ်လက်လှုပ်ရှားအားကစားအစီအစဉ်ကို Online စနစ်ဖြင့် တင်ဆက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုနယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း အားကစား ပုံမှန်လှုပ်ရှားပေးခြင်းဖြင့် ကိုယ်ခံစွမ်းအား မြင့်မား‌စေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများမှ “လက်ဆေးပါ” သီချင်းဖြင့် ကိုယ်လက်လှုပ်ရှားအားကစားသရုပ်ပြခြင်းကို Online စနစ်ဖြင့် တင်ဆက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် Online စနစ်ဖြင့် ပြည်သူများအသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် အစီစဉ်ကောင်းများကို တင်ဆက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။