ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ကျေးရွာလျှပ်စစ်မီးလင်းရေး တက်ရောက်ဖွင့်လှစ်

ဇလွန်    အောက်တိုဘာ    ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဂျမ်းတိုက်ကျေးရွာအုပ်စု ရွှေကျောင်းကျေးရွာ၊ ယင်းမလွတ်ကျေးရွာအုပ်စု မြောက်စုကျေးရွာ၊ ယင်းမလွတ်ကျေးရွာအုပ်စု ကျောင်းစုကျေးရွာ ၊ ယင်းမလွတ်ကျေးရွာအုပ်စုညောင်ပင်ရွာသစ်ကျေးရွာ ၊ ဂျမ်းတိုက်ကျေးရွာ အုပ်စုအ​ရှေ့ ဇင်ပြွန်းကုန်းကျေးရွာ၊ လမိုင်းကျေးရွာအုပ်စု ဒိုက်အင်းကျေးရွာတို့တွင် နိုင်ငံတော်မှ ဆောင်ရွက်ပေးမှုနှင့် ကျေးရွာမှ ကိုယ်ထူ ကိုယ်ထ ဆောင်ရွက်ထားသော လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲသို့  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ သည် ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ဂျမ်းတိုက်ကျေးရွာအုပ်စုရွှေကျောင်းကျေးရွာ၊ ယင်းမလွတ်ကျေးရွာအုပ်စု မြောက်စုကျေးရွာ၊ ယင်းမလွတ်ကျေးရွာအုပ်စု ကျောင်းစုကျေးရွာ၊ ယင်းမလွတ်ကျေးရွာအုပ်စု ညောင်ပင်ရွာသစ်ကျေးရွာ၊ ဂျမ်းတိုက်ကျေးရွာအုပ်စု အ​ရှေ့ဇင်ပြွန်းကုန်းကျေးရွာ၊ လမိုင်းကျေးရွာအုပ်စု ဒိုက်အင်းကျေးရွာတို့တွင် တပ်ဆင်ထားသော  လျှပ်စစ်မီး ခလုတ်အား ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာဒေသခံ ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ပြီး လျှပ်စစ်မီးလင်းရေး ကျေးရွာများရှိ ဆရာတော်များအား ဖူးမြှော်ကြည်ညိုကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဇလွန်မြို့နယ်ရှိ ကျေးရွာ (၆)  ရွာတို့တွင် နိုင်ငံတော်မှ စိုက်ထုတ်ကုန်ကျငွေ ကျပ်သန်း (၂၄၅.၁၅)၊ ကျေးရွာမှ စိုက်ထုတ်ကုန်ကျငွေ ကျပ်သန်း (၇၂.၅)သန်းဖြင့် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်နိုင်ခဲ့ပြီး အိမ်သုံးမီတာ (၂၇၂)လုံး သုံးစွဲပြီးကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)