လပွတ္တာမြို့နယ်တွင် ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

လပွတ္တာ အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင်  "ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ် ပန်းခင်းများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့" ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က လပွတ္တာမြို့ဆေးရုံ အဟောင်းအရှေ့တွင် ကျင်းပခဲ့ သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်အတွက် အသက် (၁၂)နှစ်မှ (၁၈)နှစ်အတွင်း အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စီမံချက်ရေးဆွဲ၍ ထိုးနှံပေးခြင်းဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန် ရရှိလာစေရန် ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ခြင်းဖြစ်​ကြောင်း မြို့နယ် ပညာရေးမှူးထံမှ သိရသည်။

အဆိုပါ ဆိုင်းဘုတ်စိုက်ထူခြင်းသို့ ဆရာ၊ ဆရာမများ ကျန်းမာရေးဝန်ထမ်းများ ဌာနဆိုင်ရာများ တက်​ရောက်ခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင် ပြန်/ဆက်