မွန်ပြည်နယ်သည် ဒေသထွက်ကုန်များနှင့် အခြားကုန်စည်များ စီးဆင်းဝင်ရောက်မှု၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်သည်နှင့်အညီ ပြည်နယ်အတွင်းနှင့် အခြားတိုင်း ဒေသကြီး၊ ပြည်နယ်များသို့ ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်း ပို့ဆောင်မှု ကောင်းမွန်စေရေးတို့ အတွက် ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများနှင့် အတူ မော်လမြိုင်ဘူတာကြီးရှိ မြန်မာ့မီးရထားတိုင်း အမှတ်(၈)တွင် မီးရထားမှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။