မိုးမိတ်မြို့နယ်တွင် မိုးရွာသွန်းမှုများ၍ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်တောင်သူများအား ပထမအကြိမ် မျိုးစေ့များ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မိုးရွာသွန်းမှုများ၍ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ပညာပေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ကံပိုင်ရပ်ကွက်အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင် စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင် ရွက်ပေးခြင်း အား ယနေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာ အ.ထ.က (၁) ၌ ပြုလုပ်ပေးလျက်ရှိ ကြောင်း သိရသည်။

နမ္မတူမြို့နယ် အမှတ် (၁)၊ (၂) အခြေခံပညာအထက်တန်းကျောင်းရှိ အလယ်တန်းနှင့် အထက်တန်း ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

နမ္မတူမြို့နယ် အမှတ် (၁)၊ (၂) အခြေခံပညာအထက်တန်းကျောင်းရှိ အလယ်တန်းနှင့် အထက်တန်း ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

နမ္မတူတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံများ

ကျွန်မကတော့ မကြည်ကြည်မာပါရှင့်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်(၂)မှာ နေပါတယ်၊ ဒီကိုဗစ်က ဘယ်လိုစဖြစ်လဲဆိုတော့ စစချင်း ခြေဆစ်တွေလက်ဆစ်တွေ ညောင်းကိုက်တာပေါ့၊ ပြီးတော့ ချောင်းဆိုး တယ်ရှင့်၊ အဲ့လိုဖြစ်ပြီးနောက် နှစ်ရက်လောက်ကြာတော့ ချောင်းဆိုးတဲ့အခါ သွေးပါပါလာတယ် ပြီးတော့ အနံ့ပျောက်သွားတာပေါ့ အဲ့ဒါနဲ့ နမ္မတူမြို့နယ်၊ ပြည်သူ့ဆေးရုံကိုသွားပြီး (RDT Test Kit)ဖြင့် စစ်ဆေး လိုက်တော့ ကိုဗစ်ပိုးတွေ့ရှိတာပေါ့၊ အဲ့လိုကိုဗစ်ပိုး တွေ့ရှိတယ်လို့ သိလိုက်ရတော့

ဇေယျာသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြီး ပျောက်ကင်းသူများ၏ ရင်တွင်း စကားသံများ

ကျွန်မကစဖြစ်တုန်းက မိုးမိပြီးဖျားတာပါ၊ မပူချိန်ကတော့ ၁၀၀ ကျော်သွားတယ်၊ ဖျားပြီး နှစ်ရက်လောက်နေတော့ ခုတင် (၁၀၀၀) သွားပြီးစစ်တာပါ၊ စစ်ပြီး positive ဖြစ်တာသိတာပဲ၊ အဲ့ဒိကနေပြီးတော့ အငြိမ်းစားခုတင် (၃၀၀)မှာဆေးကုသမှုခံယူရတာပါ၊ အဆင်ပြေပါတယ် ဆေးရုံကဆရာမတွေက မနက်တစ်ကြိမ် ညနေတစ်ကြိမ်အပူချိန်တိုင်းတာတွေ ကျန်းမာရေး စစ်ဆေးချက်လုပ်တာတွေလုပ်ပေးတယ်၊ ရောဂါကူးစက်ခံရပြီး အသက်ရှူကြပ်တယ်ရှင့်၊ မောလည်းမောတယ်၊

မိုင်းပျဉ်းမြို့နယ်၊ ပန်ဝိုင်ကျေးရွာအုပ်စု၊ ဝမ်ကောင်း(ထက်)ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်ဝိုင်ကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပန်ဝိုင်ကျေးရွာအုပ်စု၊ ဝမ်ကောင်း(ထက်)ကျေးရွာရှိ ခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်း ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့် ဂွေးပင်ကျေးရွာ၌ စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သော ကျေးရွာအတွင်း လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများမှ ယနေ့တွင်  ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က မုံရွာမြို့အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

တကောင်းမြို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသခံပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့တွင် ယမန်နေ့က လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသခံပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ပျက်စီးဆုံးရှုံးခဲ့သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ပုလင်းချောင်းရေကျော်တံတား ချောင်းရေကျလျက်ရှိ

မြို့သစ်မြို့နယ် ပုလင်းချောင်း ကျေးရွာအနီးရှိ ပုလင်းချောင်းရေကျော်တွင် ယမန်နေ့ ညပိုင်းက မိုးများရွာသွန်းသောကြောင့်  အောက်တိုဘာ ၁၆ ရက်နေ့နံနက်ပိုင်းတွင် ချောင်းရေများကျသဖြင့် ခရီးသွားကားများ ခေတ္တရပ်နားနေရကြောင်း သိရသည်။
Subscribe to