ဆိပ်ဖြူမြို့နယ်တွင် မိုးစပါး မျိုးကွဲနုတ်ပယ်ခြင်းနှင့် ကွင်းသရုပ်ပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မြင်ကဝကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာ၊ လျှပ်စစ်မြစ်ရေတင်၌ ၂၀၂၁-၂၀၂၂ မိုးစပါးရာသီ၌ စိုက်ပျိုး ထားသည့် ဆင်းသုခစပါးမျိုး (RS-CS) မျိုးစေ့ထုတ် စံပြစိုက်ကွင်းတွင် မျိုးကွဲနုတ်ပယ်ခြင်း၊ ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပ ပြုလုပ်သည်။

‌ညောင်တုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးများအတွက် ကယ်ဆယ်ရေး ရန်ပုံငွေများ ထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးများ အတွက် ကယ်ဆယ်ရေးရန်ပုံငွေများထောက်ပံ့ခြင်းကို ယမန်နေ့ ညနေပိုင်းက ကမ်းပြိုဘေးသင့် အိမ်ထောက်စုများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

သာယာဝတီမြို့နယ်၌ အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် စတင်ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် (၁၂)နှစ်မှ (၁၈) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့တွင် အခြေပညာကျောင်းများတွင် စတင်ထိုးနှံ ပေးနေပြီဖြစ်ကြောင်း သိရသည်။

ဇလွန်မြို့နယ်တွင်အသက် ၁၂ နှစ်အထက်ရှိသော ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် အခြေခံပညာကျောင်းများမှအလယ်တန်းအဆင့် အသက် ၁၂ နှစ် အထက်ရှိသော ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ အ.ထ.က(၁)ဇလွန် ၊ အ.ထ.က(၂) မြို့မကျောင်း တို့တွင်ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။

မိုင်းပျဉ်းမြို့နယ်၊ မိုင်းလျှန်းကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၈၉)ခုနှင့် အိမ်ထောင်စုလူဉီးရေစာရင်း(၁၈၄)စောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဉီးစီးမှူးရုံးက ပန်းခင်းစီမံချက်အရ ကိုင်ဆောင်လက်မှတ်မရှိသေးသည့် ပြည်သူများအား ဉပဒေအရ ကိုင်ဆောင်သင့်သော လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဉီးရေစာရင်းများအား ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၇ ရက်မှ ယမန်နေ့အထိ မိုင်းလျှန်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

မိုင်းပျဉ်းမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် စတင် ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac)အား ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက စုရပ်အဖြစ် သတ်မှတ်ထားသည့် အခြေခံပညာကျောင်း(၂၈)ကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac အလုံးရေး ၃၀၀၈ တပ်မတော်လေယာည်ဖြင့် ကျိုင်းတုံမြို့သို့ ပို့ဆောင်

ရှမ်းပြည်နယ်၊အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဆေးအလုံးရေ ၃၀၀၈ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ရောက်ရှိသည်။

ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား ၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) စတင်ထိုးနှံပေး

နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာသင်နှစ် တစ်နှစ်နစ်နာမှု မရှိစေရေး၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့် လှစ်နိုင်ရေးနှင့် ကျောင်းများဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ယနေ့နံနက် ၈ နာရီမှ စတင်ထိုးနှံပေးလျက်ရှိသည်။

ဘိုကလေးမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများအား ယနေ့နံနက်(၉)နာရီမှစ၍ ဘိုကလေးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးသည်။

ကျိုက်လတ်မြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ပထမအကြိမ် စတင်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပထမနေ့အဖြင့် အထက (၁) ကျောင်းစုရပ်နှင့် ရုံးဒေါင့်-အထက ကျောင်းစုရပ်များတွင် ယနေ့နံနက် ၉ နာရီမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to