ဇေယျာသီရိ အောက်တိုဘာ ၁၆
ဒေါ်ခင်ဆွေဦး
ပြည်စံအောင်ရပ်ကွက်
ဇေယျာသီရိမြို့နယ်
ကျွန်မကစဖြစ်တုန်းက မိုးမိပြီးဖျားတာပါ၊ မပူချိန်ကတော့ ၁၀၀ ကျော်သွားတယ်၊ ဖျားပြီး နှစ်ရက်လောက်နေတော့ ခုတင် (၁၀၀၀) သွားပြီးစစ်တာပါ၊ စစ်ပြီး positive ဖြစ်တာသိတာပဲ၊ အဲ့ဒိကနေပြီးတော့ အငြိမ်းစားခုတင် (၃၀၀)မှာဆေးကုသမှုခံယူရတာပါ၊ အဆင်ပြေပါတယ် ဆေးရုံကဆရာမတွေက မနက်တစ်ကြိမ် ညနေတစ်ကြိမ်အပူချိန်တိုင်းတာတွေ ကျန်းမာရေး စစ်ဆေးချက်လုပ်တာတွေလုပ်ပေးတယ်၊ ရောဂါကူးစက်ခံရပြီး အသက်ရှူကြပ်တယ်ရှင့်၊ မောလည်းမောတယ်၊ လုပ်ဖြစ်တဲ့လေ့ကျင့်ခန်းကတော့ အသက်ရှူလေ့ကျင့်ခန်းအမြဲလုပ်ဖြစ် တယ်၊ ဒီဆေးရုံရောက်ပြီး သုံးရက်လောက်နေတော့ နေပြန်ကောင်းလာတယ်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးကတော့ ဆေးရုံဆင်းပြီး သုံးလလောက်ကြာတော့မှ နိုင်ငံတော်အစိုးရက ဆေးထိုးပေးနေတာတွေနဲ့တိုက်တော့ တစ်ကြိမ်ထိုးပြီးပါပြီ၊ နောက်တစ်ကြိမ်လည်းသွားထိုးမှာပါ တစ်ခြားပြည်သူတွေကိုလည်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးကြပါလို့တိုက်တွန်းချင်ပါတယ်။
မသင်းသင်းလှိုင်
ရွှေတွင်းကုန်းကျေးရွာ
ဇေယျာသီရိမြို့နယ်
ကျွန်မက မသင်းသင်းလှိုင်ပါ၊ ရွှေတွင်းကုန်းရွာကပါ ကျွန်မစဖြစ်တာက အနံ့အရသာ ပျောက်သွားတာ၊ ပြီးတော့မြို့နယ်ဆေးရုံနဲ့ချိတ်ဆက်ပြီး ဆေးစစ်တယ် positive ဖြစ်တယ်၊ ဆေးရုံမှာလည်းအဆင်ပြေပါတယ်၊ ဆရာမတွေက အားဆေးတွေတိုက်တယ်၊ ဖြစ်ပြီး (၅) ရက်လောက်နေမှ အနံ့ပြန်ရတယ်၊ သာမာန်အတိုင်းပဲဘာမှ ထွေထွေထူးထူးရောဂါမခံစားရပါဘူး ဆေးရုံမှာ ၁၃ ရက်ကြာခဲ့တယ်၊ ဆေးရုံကပြန်လာတော့လည်းမိသားစုတွေနဲ့ တစ်ပတ်လောက် ပေါ့ ခပ်ခွါခွါလေးနေခဲ့တယ်၊ ကျွန်မက ကိုယ်ဝန်သည်ဆိုတော့ရောဂါဖြစ်ပြီဆိုတော့ ပိုကြောက်တာပေါ့ ၊ ကာကွယ်ဆေးကလည်း ကိုယ်ဝန်သည်တွေမထိုးရဘူးဆိုတော့မထိုးဖြစ်ဘူး၊ ကြောက်ပေမဲ့လည်းစိတ်ခိုင်ခိုင်ထားပြီး ရင်ဆိုင်လိုက်တော့ ရောဂါပြန်လည်ပျောက်ကင်းသွား တာပါ၊ ကာကွယ်ဆေးက ထိုးရမဲ့အလှည့်ကျရင် သွားထိုးမှာပါ။
မြို့နယ် (ပြန်/ဆက်)