မိကျောင်းကိုက်ခံရ၍ သေဆုံးသူ၏ မိသားစုဝင်အတွက် ထောက်ပံ့ကြေးပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဆတ်ကျွန်းကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာနေသူ(၁၆)နှစ်အရွယ် အမျိုးသားတစ်ဦးသည် အောက်တိုဘာ(၁၂)ရက်နေ့၌ ပဒဲကောကျေးရွာတစ်ဖက်ကမ်း မိန်းမလှကျွန်းတောရိုင်းတိရစာ္ဆန်ဘေးမဲ့တော ကမ်းဘေး တွင် ဝမ်းရေးအတွက် ဂဏန်းထောင်ရင်း မိကျောင်းကိုက်ချီခံရ၍ သေဆုံးခဲ့ရာ သေဆုံးသူ၏ မိသားစုဝင်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ ညနေပိုင်းတွင် ထောက်ပံ့ငွေပေးအပ်ခဲ့သည်။

သထုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရပ်/ကျေးအုပ်ချုပ် ရေးမှူးများနှင့် စာရေးဝန်ထမ်းများတို့ ယမန်နေ့ မွန်းလွဲပိုင်းက မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ တွေ့ဆုံကာ ဒေသတွင်းလုံခြုံရေး၊ ဖွံ့ဖြိုးရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးလုပ်ငန်းများ စနစ်တကျ ဖြစ်ရေးတို့ အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် လူတစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာ ၄၀၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့တွင် ယနေ့ နံနက် ၈ နာရီအချိန်မှစ၍ အမှတ်(၁) ရပ်ကွက်ရုံးရှေ့တွင် လူတစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာ ၄၀၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလ အတွင်း အခြေခံလူတန်းစားပြည်သူများ အဆင်ပြေစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှု၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် တစ်အိမ်ထောင်လျှင် ဆီတစ်ပိဿာ ၄၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။

မိုးမိတ်မြို့နယ်တွင် ဆောင်းသီးနှံနှင့်နွေစပါးစံပြကွက်များ စိုက်ပျိုးမည့် တောင်သူများအား မြေဩဇာနှင့်မျိုးသန့်မျိုးစေ့များ အခမဲ့ ထောက်ပံ့ ပေးအပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ခုနှစ် ဆောင်းသီးနှံနှင့်နွေစပါးစံပြကွက်များ စိုက်ပျိုးမည့် တောင်သူများအား မြေဩဇာနှင့် မျိုးသန့်မျိုးစေ့များ အခမဲ့ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ပညာပေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားလေဆိပ် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားလေဆိပ်အဆောက်အဦများ ပတ်ဝန်းကျင်နှင့် လေဆိပ်ဝင်း အတွင်း/အပြင်တို့တွင် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီခွဲအချိန်တွင် ဆောင်ရွက်ခဲ့ကြသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ၄၃၁၅၆ ဦး ထိုးနှံပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ပြီး တတိယအသုတ် ဒုတိယနေ့တွင် သတ်မှတ်စုရပ်အသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရ သည်။

မင်းလှမြိုနယ်တွင် အသက် ၁၈ နှစ်အထက် ရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌‌ဆေး လာ‌ရောက်ထိုးနှံသူ ၁၀၁၄၀ ဦးရှိပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို‌ ယနေ့ နံနက် ၉ နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ ဆက်လက်ထိုးနှံ‌ပေးလျက်ရှိရာ အောက်တိုဘာ ၁၅ ရက်နေ့ အထိ ကာကွယ်‌ဆေး လာရောက်ထိုးနှံသူ ၁၀၁၄၀ ဦးရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရွှေထီးတော်သစ်တင်လှူပွဲကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်း အစည်းအဝေးတက်ရောက်

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သည် ယနေနံနက် က ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရွှေထီးတော် သစ်တင်လှူပွဲ ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးတက်ရောက်သည်။
Subscribe to