ကျိုက်ဒုံမြို့၌ အသက်(၁၂)နှစ်အထက်ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များ စတင်ထိုးနှံ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ဟောင်သရောခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက အသက်(၁၂)နှစ်နှင့် အထက် ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများဖြစ်သည့် အခြေခံပညာကျောင်းများမှ အလယ်တန်း အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ရွှေပြည်သာမြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊​ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

“ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို ကာကွယ် တားဆီးနိုင်ရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီး မြိုနယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်၉နာရီအချိန်မှ စတင်၍ သက်ဆိုင်ရာ ဆေးထိုးစုရပ် (၆)ခုဖြစ်သော အထက(၆)၊ အထက(၇)၊ အလက(၁)၊ အလက(၁၀)၊ အလက(၁၂)နှင့် အလက(၁၄)တို့တွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကာကွယ်ဆေး စတင်ထိုးနှံ

ကရင်ပြည်နယ်၊မြဝတီမြို့နယ် အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ အသက် ၁၂ နှစ် အထက်ရှိသော ကျောင်းသား/ ကျောင်းသူများအား ယမန်နေ့နံနက်(၇)နာရီခွဲအချိန်ခန့်ကစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ စီးပွားရေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ် နှင့် ပညာရေးကောလိပ်ကျောင်းများသို့ သွားရောက်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ(၁၇)ရက်၊ နံနက်ပိုင်းတွင် မုံရွာစီးပွားရေးတက္ကသိုလ်သို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ကထိကများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားကာ ပါမောက္ခချပ် ဒေါက်တာသီတာကြူနှင့် တာဝန်ရှိ သူများက ကျောင်းပြန်လည်ဖွင့်လှစ်ချိန်တွင် ပညာသင်ကြားရေး အစီအစဉ်များ၊ ကျောင်းဝန်းအတွင်း အဆောက်အဦတည်ဆောက်ရေး လုပ်ငန်းများ၊ ကျောင်းပတ်ဝန်း ကျင်သန့်ရှင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဘုတ်ပြင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသော ကျောင်းသား /သူများ၏ ရင်တွင်းစကားသံများ

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ ကာကွယ်ဆေးဖြင့် လွမ်းခြုံသောအနာဂတ် ပန်းခင်း များဆီသို့ ရည်ရွယ်ချက်ဖြင့် အခြေခံပညာ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပေးခြင်းကို အထက-ဘုတ်ပြင်း ဆေးထိုးစုရပ်တွင် ယမန်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိသည်။

ပုသိမ်ကြီးမြို့နယ်ရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များအား အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ပုသိမ်ကြီးမြို့နယ်ရှိ အထက-ပုသိမ်ကြီး၌ ကျောင်းသား/ကျောင်းသူ များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံ ပေးလျက်ရှိသည်။

ဘုရားသုံးဆူမြို့၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ လတ်တလောအသက်ရှူလမ်း‌ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် လျော့နည်းပပျောက်သွားစေရေးအတွက် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဖြစ်သည့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာကျောင်းများမှ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ ဘုရားသုံးဆူမြို့ အ.ထ.က ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ခမောက်ကြီးမြို့တွင် အသက် ၁၂နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သတ် ၍ ရင်တွင်းစကားသံများ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ၊အခြေခံပညာ အထက်တန်း ကျောင်းတွင် ယနေ့က အသက် ၁၂နှစ် အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ဆရာ/ဆရာမများ၊ အုပ်ထိန်းသူ မိဘများ၊ ကျောင်း သား/သူများ၏ ရင်တွင်းစကားသံများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
Subscribe to