မြို့သစ်မြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်း၌ ယခုနှစ်မိုးရာသီတွင် မိုးများရွာသွန်းကာ လေပြင်းများ တိုက်ခတ်ခဲ့သဖြင့် လူနေအိမ်များ အနည်းငယ် ထိခိုက်ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသခံပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို အောက်တိုဘာ (၁၅)ရက်နေ့ (၁၁)နာရီအချိန်က မြို့သစ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရုံး ခန်းမတွင်ပြုလုပ်ခဲ့ ကြောင်း သိရသည်။