မြို့သစ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ပုလင်းချောင်းရေကျော်တံတား ချောင်းရေကျလျက်ရှိ

မြို့သစ်    အောက်တိုဘာ   ၁၆

မြို့သစ်မြို့နယ် ပုလင်းချောင်း ကျေးရွာအနီးရှိ ပုလင်းချောင်းရေကျော်တွင် ယမန်နေ့ ညပိုင်းက မိုးများရွာသွန်းသောကြောင့်  အောက်တိုဘာ ၁၆ ရက်နေ့နံနက်ပိုင်းတွင် ချောင်းရေများကျသဖြင့် ခရီးသွားကားများ ခေတ္တရပ်နားနေရကြောင်း သိရသည်။

ထိုသို့ ခရီးသွားပြည်သူများ အချိန်မီ သွားလာနိုင်စေရေးအတွက် မြို့နယ်မှတာဝန်ရှိသူများက ပုလင်းချောင်းရေကျော်သို့ သွားရောက်ကာ ကားကြီး ကားငယ်၊ ဆိုင်ကယ်၊ သုံးဘီးများအတွက်အန္တရာယ်မဖြစ်ပေါ်စေရေးအတွက်  မြို့သစ်မြို့နယ် ရဲမှူးနှင့်အဖွဲ့က သွားရောက်ကာ ကူညီဆောင်ရွက် လျက်ရှိသည်။

ဆက်လက်၍ မြို့သစ်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးနှင့်တပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူ များအတွက် လုံခြုံရေးနှင့် ခရီသွားများကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် နေ့ညစောင့်ကြည့်ကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ကိုဇော်(ပြန်/ဆက်)