ရှမ်းရွာသစ်မြို့၌ မသန်စွမ်းဆိုင်ရာအကြောင်းအရာများနှင့် ဆေးလိပ်သောက်သုံးခြင်း ကြောင့်ဖြစ်ပေါ် လာ နိုင်သော ဆိုးကျိုးများပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက် နံရံကပ်ပြဘုတ်တွင် ဒေသ နေပြည်သူများ အလွယ်တကူဖတ်ရှုလေ့လာနိုင်ပြီး အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး အသိပညာပေးနံရံကပ်စာစောင်များကို ပြ သဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မသန်စွမ်းဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ် နိင်သည့်ဆိုးကျိုးများ ပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များကို အသစ်လဲလှယ်ပြသဆောင်ရွက်ထား ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သော ပြည်သူသို့အသိပေး ပန်ကြား ချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် ကရင်၊မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့အတွင်းအသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ) အကြိမ် စတင်ထိုးနှံပေး

နိုင်ငံတော်အစီအစဉ်ဖြင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး ခြင်းဖြင့် ကျောင်းသား/ သူများပညာသင်ယူခွင့် အခွင့်လမ်းများရရှိစေရန်နှင့်ကာကွယ် ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရေးအတွက် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အတွင်းရှိ အခြေခံပညာလယ်တန်းနှင့် အထက်တန်းများ(၄၆)ကျောင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ကျောင်းအပ်နှံထားပြီးဖြစ်သော အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများကို အောက်တိုဘာလ(၁၇)ရက် နံနက် ၉ နာရီမှစတင်၍ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို (ပထမ) အကြိမ်အဖြစ် ဆေးထိုးအုပ်စု(၅)ခုဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ တစ်ပြိုင်တည်း စတင်ထိုးနှံပေးကြောင်း သိရှိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ကရင် ၊မြန်မာနှစ်ဘာသာဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော ပြည်သူသို့အသိပေး ပန်ကြားချက် များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် ကရင်၊မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံပေးမည့်အပေါ် ကျောင်းသား မိဘနှင့် ကျောင်းသား/သူတို့၏ ရင်တွင်းစကားသံများအား တွေ့ဆုံမေးမြန်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုအပေါ် ကျောင်းသားမိဘနှင့် ကျောင်းသား/သူတို့၏ ရင်တွင်းစကားသံများ အား တွေ့ဆုံမေးမြန်းခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ကျွန်းစုမြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ရှိသူ လူဦးရေ (၄၀၀၀)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နယ်လှည့်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အောက်တိုဘာလ(၁၃)ရက်နေ့မှစ၍ (၁၆)ရက်နေ့အထိ အသက်(၁၈)နှစ်နှင့်အထက်ရှိသူ လူဦးရေ(၄၀၀၀)ဦးအား ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါဂာာကွယ်ဆေးများကို ကံမော်ကျေးရွာ၊ သဲချောင်းကျေးရွာနှင့် ရေ‌ကန်တောင်ကျေးရွာများသို့ နယ်လှည့်၍ ထိုးနှံပေးပေးခဲ့ကြောင်း သိရသည်။

တကူတိုက်နယ်ဆေးရုံမှ ကိုဗစ်လူနာ(၄)ဦး ဆေးရုံမှဆင်း၍လူနာသစ်(၁)ဦးတိုးသဖြင့် ကုသဆဲလူနာ(၃၀)ဦးသာ ကျန်ရှိ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ ကုသရေး Centre နှင့် Positive Centre များအတွင်း ကိုဗစ်-၁၉ ရောဂါပိုးဖြင့် ဆေးဝါးကုသမှုခံယူနေစဉ် ကျန်းမာရေး ပြန်လည်သက်သာသူ ကိုဗစ်လူနာ(၄)ဦး အား တာဝန်ခံဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်က ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး မိမိနေအိမ်တွင်(၇)ရက်တိတိ အသွားအလာကန့်သတ်၍ Home Quarantine အဖြစ်သီးခြားနေထိုင်ကြရန် အသိပေးမှာကြား ထားကြောင်း သိရှိရသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပဲခူးမြို့အတွင်း အသက်(၁၂)နှစ် နှင့်အထက် အခြေခံပညာကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက်ကြည့်ရှု အားပေးသည်။

မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ခေါဇာမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့၌ အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းသား ကျောင်းသူများကို ယနေ့ နံနက် (၉) နာရီက ခေါဇာမြို့ အခြေခံ ပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက် ရှိသည်။
Subscribe to