ကျောင်းသား/ကျောင်းသူများ ပညာသင်ယူဖို့ အခွင့်အလမ်းတွေရရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်မှ မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် ဈေးတန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတို့ရှိ ဆေးထိုးစုရပ်၌ စတင်ထိုးနှံပေးလျက်ရှိသည်။