တကောင်း အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့တွင် ယမန်နေ့က လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသခံပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ပျက်စီးဆုံးရှုံးခဲ့သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်(၅)လုံး အိမ်ခေါင်းမိုးများ သွပ်မိုးလန်ခြင်းနှင့် အိမ်များယိမ်းယိုင်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် မိသားစုဝင်အိမ်ထောင်စု (၅)စု အား ဆန်၊ ဆီ၊ ဆား ရိက္ခာများနှင့် ထောက်ပံ့ငွေကျပ် (၃၆၄၁၀၀)အား မြို့အုပ်ချုပ်ရေးမှူးဦးဆောင်ကာ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့က လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
သီတာအောင် (တကောင်း)