တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

တောင်ကုတ်   အောက်တိုဘာ ၁၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ကံပိုင်ရပ်ကွက်အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင် စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင် ရွက်ပေးခြင်း အား ယနေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာ အ.ထ.က (၁) ၌ ပြုလုပ်ပေးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား များကွင်း ဆင်းပြုလုပ်ဆောင်ရွက်ပေးရာသို့ တောင်ကုတ်မြို့ နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးဦးဆောင် သောဝန်ထမ်းများမှ ကံပိုင်ရပ်ကွက်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးလျက်ရှိပြီး ရပ်ကွက်များနှင့် ကျေးရွာများအလိုက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း လုပ်ငန်းကို​ဆောင် ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပန်းခင်းစီမံချက်ဖြင့် မေလ ၃ ရက်နေ့မှ ယနေ့ထိ ရပ်ကွက် (၉) ရပ်ကွက် ကျေးရွာအုပ်စု (၂၆) အုပ်စုတို့၌ အသက်(၁၈)နှစ် ပြည့်ပြီးသူများ၊ နိုင်ငံ သားစိစစ်ရေး ကတ်ပြား မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသစ်ပြုလုပ်‌ပေးလျက်ရှိရာ ရပ်ကွက်နှင့် ကျေးရွာအတွင်းရ နိုင်ငံသားစိစစ်ရေးကတ် အသစ်ပြုလုပ်သူ ကျား (၁၆၄၂) ဦး နှင့် မ (၂၀၉၉) ဦး စုစုပေါင်း (၃၇၄၁) ဦးတို့အားလည်းကောင်း၊ အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများနှင့် ပျောက်ဆုံး ပျက်းစီသူများအား အိမ်ထောင်စုလူဦးရေစာရင်း (၇၄၁၁)စုတို့အား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စန်းဝင်း