နမ္မတူ အောက်တိုဘာ ၁၆
နမ္မတူမြို့နယ် အမှတ် (၁)၊ (၂) အခြေခံပညာအထက်တန်းကျောင်းရှိ အလယ်တန်းနှင့် အထက်တန်း ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လွှမ်းခြုံမှုမြင့်မားရေးအတွက် နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် အခြေခံပညာ အလယ်တန်း၊ အထက်တန်းတွင် ပညာသင်ယူနေသော အသက် (၁၂) နှင့် (၁၈) နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေးရည်ရွယ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း ဖြစ်သည်။
နမ္မတူမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် စာရင်းကောက်ယူ ထားသည့် အမှတ် (၁)၊ (၂) အခြေခံပညာအထက်တန်းကျောင်းရှိ အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ စုစုပေါင်း (၄၀၈)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးလင်းအောင်ထံက သိရသည်။
လူမော် (ပြန်/ဆက်)