ကျိန္တလီအောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ကျိန္တလီမြို့ အ ထ က(ကျိန္တလီ) စုရပ်၌ အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်မှညနေ(၄) နာရီအချိန်ထိ ဒုတိယနေ့ ပထမအကြိမ် ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဖြိုးဝေလင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်ခင်ထွေးတို့၏ကြီးကြပ်မှုဖြင့် ဂွမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများ ၊ ဂွမြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများနှင့်တာဝန်ခံ ကျောင်းအုပ် ဆရာ/ဆရာမများ ၊ လုံခြုံရေး တပ်ဖွဲ့ဝင် များ ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုး ရန်ရောက်ရှိ လာသော ကျောင်းသား/သူ များအား လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကူညီလုပ်ကိုင် ဆောင်ရွက် ပေးလျက်ရှိပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ စည်းကမ်း ချက်များ နှင့်အညီ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား / သူများအား ကာကွယ်ဆေး မထိုးမီ ပညာရေးဝန်ထမ်းများက စာရင်းမှတ်တမ်းများရေးသွင်းခြင်း ၊ ကျန်းမာရေးဝန်ထမ်း များက အပူချိန်တိုင်း တာခြင်း ၊ သွေးပေါင်း ချိန်တိုင်းတာခြင်း ၊ သွေးတွင်း အောက်ဆီဂျင်ပါဝင်မှုတိုင်းတာခြင်းစသည့် ကျန်းမာရေး စောင့်ရှောက် မှုများဆောင်ရွက်ပြီးမှ ကာကွယ်ဆေး ကိုထိုးနှံပေးကြောင်းနှင့် ကာကွယ်ဆေးထိုး နှံပြီးပါက မိနစ်(၃၀)ကြာ အနားယူစေပြီးမှ ပြန်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ဆက်လက်၍ ကျိန္တလီမြို့၌ အထက(ကျိန္တလီ)ဆေးထိုးစုရပ်တွင် အခြေခံပညာ အထက(၂)ကျောင်း ၊ အထက(ခွဲ)(၁)ကျောင်း ၊ အလက(ခွဲ)(၁)ကျောင်း ၊ အမက(လွန်)ကျောင်း(၅)ကျောင်းမှ အသက်(၁၂)နှစ် အထက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်အကျုံးဝင်သည့် ကျောင်းသား/ကျောင်းသူစုစုပေါင်း(၄၇၄)ဦးတို့ကို ဒုတိယနေ့ ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ခိုင်မိုးမင်း(ပြန်/ဆက်)