ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၁၈
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ကွမ်းသီးပင်များ စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး နှစ်စဉ် ကွမ်းများ ထွက်ရှိသည့် မြို့နယ်တစ်မြို့ဖြစ်ပြီး ကျေးရွာဒေသ အနှံ့အပြား၌ တောင်သူများအနေဖြင့် ကွမ်းသီးပင်စိုက်ပျိုးခြင်းဖြင့် နှစ်စဉ်ရာသီ အလိုက် အပိုဝင်ငွေများ ရရှိကြောင်း သိရသည်။
ယခုနှစ် ကွမ်းသီးရာသီပေါ်ချိန်တွင် ကွမ်းသီးအနုသီးများ လာရောက်ဝယ်ယူနေမှုများရှိနေပြီး ကွမ်းသီးအနုတစ်လုံးလျင် ငွေကျပ်(၂၅)ကျပ်နှုန်း အထိပေးကာ လာရောက်ဝယ်ယူလျက်ရှိပြီး ကွမ်းသီးအရင့် တစ်လုံးကို ငွေကျပ်(၃၀)ကျပ်မှ (၃၅)ကျပ်အထိ ပေးဝယ်လျက်ရှိသောကြောင့် ခြံရှင်တောင်သူများ အနေဖြင့် ကွမ်းသီးအနုသီးများကိုပါ ခူးယူရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွမ်းသီးအနုများကို မွန်ပြည်နယ် မုဒုံမြို့မှ ကုန်သည်များမှ လာရောက်ဝယ်ယူလျက်ရှိကြောင်း မြို့ခံကုန်သည်တစ်ဦးထံမှ သိရသည်။
မျိုးမင်းဦး