အောင်လံ အောက်တိုဘာ ၁၈
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် အောင်လံမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းတို့တွင် ပညာသင်ယူလျက်ရှိသော အသက်၁၂နှစ် အထက်ရှိကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ဒုတိယရက်ကို ယနေ့နံနက် ၉ နာရီက စတင်၍ ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ပထမရက်တွင် မြို့မတိုက်နယ်၌ (၃၃၈)ဦး၊ ပြလို့တိုက်နယ်၌ (၆၇၄)ဦး၊ ညောင်ပင်ဆိပ်တိုက်နယ်၌ (၅၁၅)ဦး၊ ကျောက်ပန်းတောင်းတိုက်နယ်၌ (၅၄၈)ဦး၊ ရေနံကြီးတိုက်နယ်၌ (၄၁၁)ဦး၊ ဇေယျသုခ ဘုန်းတော်ကြီး သင်စာသင်ကျောင်း၌ (၁၄)ဦး စုစုပေါင်း(၂၅၀၀)ဦးထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ် အနေဖြင့် အခြေခံပညာကျောင်း (၁၇၁)ကျောင်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း (၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂)ကျောင်း စုစုပေါင်း (၁၇၅)ကျောင်း မှ ကျောင်းသား၊ ကျောင်းသူ (၆၅၅၀)ဦး အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သတ်မှတ်ရက်အလိုက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးသိန်း(ပြန်/ဆက်)