ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်သား/ကျောင်းသူများအား ဆေးထိုး စုရပ်(၁၀)ခုခွဲ၍ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac) ပထမအကြိမ်ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၈)နာရီမှစတင်၍ ဆေးထိုး စုရပ်အသီးသီးတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။