လမိုင်း အောက်တိုဘာ ၁၈
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြား လျက်ရှိသည့် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပထမနေ့အဖြစ် လမိုင်းမြို့အတွင်းရှိ လမိုင်း အ.ထ.ကကျောင်း၊ တောင်ဘုံကျေးရွာအထ ကကျောင်း၊မောကနင့်ကျေးရွာအထကကျောင်းတို့တွင်ယမန်နေ့နံနက်၉နာရီက စတင်၍ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လမိုင်းမြို့အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် အထက်တန်း ကျောင်းသား၊ ကျောင်းသူ( ၄၄၆)ဦး နှင့် မော့ကနင်ကျေးရွာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၃၉၄)ဦး တောင်ဘုံကျေးရွာ အထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူ(၃၁၈)ဦးပေါင်း (၁၁၅၈ )ဦးတို့အားပထမနေ့အဖြစ် စတင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းအား မြို့အုပ်ချုပ်ရေးမှူး ဦးညီညီမင်း၊ အထကကျောင်းအုပ်ဆရာကြီး ဦးမင်းဗလာနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ ကျောင်းသား၊
ကျောင်းသူများအား အားပေးစကားပြောကြားပြီး လူမှုဝန်ထမ်း၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍
ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လမိုင်း(ပြန်/ဆက်)