စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိ

နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် အသက်(၁၂)နှင့်ပအထက် အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၉)နာရီက စဉ့်ကိုင်အခြေခံပညာ အထက်တန်းကျောင်းတွင် မိဘအုပ်ထိန်းသူများနှင့်အတူ ကျောင်းသား/ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာဖြင့် ပထမအကြိမ် ကာကွယ်ဆေးများ လာရောက် ထိုးနှံလျက်ရှိကြောင်းသိရသည်။

ပလောက်မြို့၌ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ကျောင်းသူများ ကိုဗစ်ရောဂါ ကာကွယ် ဆေး လာရောက်ထိုးနှံနိုင်ရေး အသိပေးနှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင် ၊ပလောက်မြို့၌ အသက် ၁၂ နှစ် အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလာရောက် ထိုးနှံပေးနိုင်ရေးအတွက် ဆရာ/ မိဘနှင့် တာ၀န်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ရာအိမ်မှူးတို့ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းက ရပ်ကွက်များအတွင်း အသိပေး နှိုးဆော် လှည့်လည် ကြေညာ ခဲ့ကြောင်း သိရသည်။

သံတွဲမြို့နယ်ရှိ အသက် ၁၂ နှစ်အထက်ကျောင်းသား/ကျောင်းသူလေး(၃၄၃၂)ဦးအား ပထမအကြိမ် (ပထမ)နေ့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး( Sinovac) စတင်ထိုးနှံပေး

ကိုဗစ် ရောဂါ ကာကွယ်ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် သံတွဲမြို့နယ်ရှိ အသက် ၁၂ နှစ် အထက် အလယ်တန်း၊အထက်တန်းကျောင်းသား/ကျောင်းသူလေးများအား ကျောင်းနေအရွယ် ကလေးများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinovac) ကိုအောက်တိုဘာ ၁၇ ရက်နေ့မှစ၍ သတ်မှတ်ထားသောကျောင်းများ၏ သတ်မှတ်ကျောင်းသား ဦးရေအလိုက် သက်ဆိုင်ရာ စုရပ်ဆေးထိုးစင်တာ(၁၁)ခု တွင် ပထမအကြိမ် (ပထမ)ရက် အဖြစ် စတင်ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန မှသိရှိ ရသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ ဒဂုံမြို့သစ် (မြောက်ပိုင်း) အောက်တိုဘာ ၁၈ ပပ(ပြန်/ဆက်)

မင်းဘူး(စကု)မြို့နယ်အတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေးကြီးရေလျှံခြင်းများဖြစ်ပေါ်ကာ သီးနှံစိုက်ခင်းများအတွင်း ရေကြီးနစ်မြုပ်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ယခုရက်ပိုင်း နေ့စဉ် မိုးသည်း ထန်းစွာရွာသွန်းမှုများကြောင့် မန်းချောင်းများနှင့် ရိုးချောင်းများမှ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ကာ အနိမ့်ပိုင်းကျေးရွာအချို့တွင် ရေဝင်ရောက်ခြင်းနှင့် ကိုင်း၊ ကျွန်း၊ လယ်/ယာမြေများ၌ စိုက်ပျိုးထားသော သီးနှံမျိုးစုံစိုက်ခင်းများအတွင်း ရေကြီးနှစ်မြုပ်မှုများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ( ၇ ဒသမ ၆ )ပေခန့် ရေကျော်ကျလျက်ရှိ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာ ၁၆ ရက်နေ့မှ ယနေ့အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှု ကြောင့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှုများ တိုးလာသဖြင့် ယနေ့ ညနေ ၆ နာရီအချိန် တိုင်းထွာရာတွင် တမံရေပြည့်အမှတ်ဖြစ်သည့် ၃၄၀ ပေ အထက် ရေပိုလွှဲမှ (၇ ဒသမ ၆ )ပေခန့် ရေကျော်ကျလျက်ရှိနေကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။

ကလိန်အောင်မြို့တွင် အသက်(၁၂) နှစ်ပြည့်ပြီးသော ကျောင်းသား/သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အသက် ၁၂ နှစ်ပြည့်ပြီးသော အလယ်တန်း/ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က ကလိန်အောင်မြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ် အထက် ကျောင်းသား/သူ(၇၂၉၇)ဦးအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးနှံပေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ် အထက် ကျောင်းသား/သူ (၇၂၉၇) ဦး အား(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီမှ စ၍ စုရပ် သတ်မှတ် နေရာ များတွင် ထိုးနှံ ပေးလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ၊ မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်ပညာရေးမှူး နှင့် ဌာနဆိုင်ရာများက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်း စပ် ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
Subscribe to