ပေါက်တောမြို့နယ်၌ အသက်(၁၂)နှစ် နှင့် အထက်ကျောင်းသား/ကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံလျက်ရှိ

 

 

ပေါက်တော  အောက်တိုဘာ ၁၈

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ် နှင့် အထက် ကျောင်းသား/ ကျောင်းသားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး အတွက်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို . . ကမြို့မ ကျောင်းစုရပ် . .က(ခွဲ)မြို့မစုရပ်နှင့် မြို့နယ် ထက်၊လယ် ကျောင်း စုရပ် (၂၁)နေရာတို့တွင်ယမန်နေ့ နံနက် (:၀၀)နာရီကစတင်ထိုးနှံပေးသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံရာစုရပ်ကျောင်းများသို့ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ပြီး တာဝန်ကျ ဆရာ/ဆရာမများက ကျောင်းသား/ကျောင်းသူများအား စနစ်တကျ ကာကွယ်ဆေးထိုးနိုင်စေရန် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ၊မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးကြသည်။

 

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင်ကြီးကြပ်မှုဖြင့်  မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်း တို့ကိုပြုလုပ်ဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေးဆက်လက်ထိုးနှံပေးကြသည်။ ကာကွယ်ဆေး ထိုးနှံပေး ရာသို့ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြိုနယ်ပညာရေးမှူးတို့ကကြည့်ရှုကြပြီး  ၊ကျောင်းသား/ကျောင်းသူများအား ဆေးထိုးနှံပြီး၍ ကျောင်းပြန်လည်တက်ရသည့် အခါ ကျန်းမာရေးဌာနမှ ချမှတ်ထားသည့် ရှောင်ရန် ၊ဆောင်ရန်အချက်အလက်များကိုအလေးအနက်ထားဆောင်ရွက်ကြပြီး မိမိကအစကာကွယ်ကြစေလိုကြောင်း ကိုဗစ်-၁၉ကာလ အတွင်း စာသင်ကျောင်းများကိုယာယီပိတ်ထားရသော်လည်း  ကျောင်းပြန်လည်ဖွင့်လှစ်သည့်အခါ ကြိုးကြိုးစားစားနှင့် စိတ်ဓါတ်မကျဘဲ စာသင်ကြားကြစေလိုကြောင်း အားပေးစကားများပြောကြားကြသည်။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ၁၇.၁၀ .၂၀၂၁ နေ့တွင် က မြိုမနှင့်၊ အ ထကခွဲ မြို့မကျောင်းစုရပ် နှစ်ခုအပါအဝင် မြိုနယ်အတွင်းရှိ ထက်/လယ် စာသင် ကျောင်းများမှ ဆေးထိုးနှံရန်လာရောက်ကြသူ  ကျောင်းသား(၂၈၃၆)ဦးနှင့် ကျောင်းသူ (၃၂၂၅)ဦး စုစုပေါင်း(၆၀၆၁)ဦး တို့ထိုးနှံ လာကြပြီး ကျန်ရှိ ကျောင်းသား/ကျောင်းသူများကို ၁၉.၁၀.၂၀၂၁ နေ့ထိဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ကျော်သန်း(မြို့နယ် ပြန်/ဆက်)