ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ဘောဂလိ   အောက်တိုဘာ  ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်  ၊ဘောဂလိမြို့တွင်    ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို   ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်    အသိပညာပေး လုပ်ငန်းများကို   စဉ်ဆက်မပြတ်  ဆောင်ရွက်လျက်ရှိရာ   ယနေ့နံနက်ပိုင်းတွင်   ကျန်းမာရေးဝန်ကြီးဌာနက   ထုတ်ပြန်ထားသော    ပြည်သူသို့အသိပေးပန်ကြားချက်များကို   ဒေသနေပြည်သူများ    ကျယ်ကျယ်ပြန့်ပြန့်   သိရှိလိုက်နာကြ စေရန်    ကရင်၊ မြန်မာနှစ်ဘာသာဖြင့်  အသိပညာပေး  နှိုးဆော်မှုများကို    ဆောင် ရွက်ခဲ့ကြောင်း  သိရသည်။

 

အဆိုပါ အသိပညာပေးလုပ်ငန်းတွင်ဘောဂလိမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ   ဝန်ထမ်းများက   မိဘပြည်သူ များအနေဖြင့်     မိမိတို့အိမ်တွင်း၌သာ နေထိုင်ရန်၊  ပြင်ပ မှ လာသောဧည့်သည်များ  လက်မခံပါရန်၊  အခြားသူများထံသို့  သွား ရောက် လည်ပတ်ခြင်း မပြုရန်၊    မဖြစ်မနေ  အရေးကြီးကိစ္စကြောင့်   အပြင်ထွက်ရပါက   ပါးစပ်နှင့် နှာခေါင်းစည်း  (Mask)    များကို  စနစ်တကျ  တပ်ဆင်ကြရန်၊  လူစုလူဝေးပြုလုပ်ခြင်းကို  ရှောင်ကြဉ်ကြရန်၊   လက်ကို စက္ကန့်(၂၀)ကြာအောင်  စနစ်တကျ  ဆေးကြောကြရန်၊   မိမိတို့၌  ရောဂါပိုးကူးစက်ခံ ရသည်ဟု  သံသယရှိပါက   နီးစပ်ရာ  ကျန်းမာရေးဌာနသို့    ဆက်သွယ် အကြောင်းကြားရန်  စသည့်အချက်များကို     စကောကရင်ဘာသာနှင့်  မြန်မာဘာသာ တို့ဖြင့်   ရပ်ကွက်အတွင်း   လိုက်လံ နှိုးဆော်  ပေးခဲ့ကြောင်း   သိရသည်။

 

မြို့နယ်(ပြန်/ဆက်)