မိုင်းနောင်မြို့ တွင်အသက်(၁၂)နှစ်အထက်ကျောင်းသား၊ကျောင်းသူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်း

မိုင်းနောင်  အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊ မိုင်းနောင်မြို့တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်(၉) နာရီက အခြေခံပညာ အထက်တန်း ကျောင်း၌စတင်ထိုးနှံပေးလျက်ရှိရာ ညနေ(၄)နာရီအချိန်ထိ ကျောင်းသား/ကျောင်းသူပေါင်း(၁၅၀)ဦးကို ထိုးနှံပေး ပြီးကြောင်းသိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အထက မိုင်းနောင် ကျောင်းအုပ်ဆရာကြီး ဦးဇော်လှိုင်ထွန်းက ကာကွယ် ဆေးထိုးနှံရမည့် ဦးစားပေး စာရင်းတွင်ပါရှိသော ကျောင်းသား/ကျောင်းသူများ၏ မိဘ၊အုပ်ထိန်းသူများနှင့် ကျောင်းသား/ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံမည့် အစီအမံများ ကြိုတင် တိုင်ပင် အသိပေးခြင်း၊ဆေးထိုးနှံခြင်း၏ အကျိုးကျေးဇူးများ ၊လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပေးခဲ့ ကြောင်းသိရှိရသည်။

ကာကွယ်ဆေးမထိုးနှံမီ  လိုအပ်သည့်အချက်အလက်စာရင်းများအား ဖြည့်သွင်းပြုစုမှတ်တမ်း တင်ခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်၊ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးနှံပြီးပါကနာရီ၀က် စောင့်ဆိုင်းစေခြင်းများကို စနစ်တကျဆောင်ရွက်ထားကြောင်း သိရှိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့ကိုဗစ်-၁၉ကော်မတီမှ တာ၀န်ရှိသူများက လာရောက် ကြည့်ရှု၍ ကာကွယ် ဆေးထိုးနှံပေးသည့်စုရပ် ရှိ ကျန်းမာရေးဌာနမှ ဆရာမများနှင့် ပ ညာရေးဌာနမှဆရာ/ဆရာမများအား အားပေးစကားများပြောကြားခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)