ဝါးခယ်မမြို့နယ်၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးပထမအကြိမ်လာရောက်ထိုးနှံကြသော ကျောင်းသား/သူများ၏ ရင်တွင်းစကားသံများ

ဝါးခယ်မ အောက်တိုဘာ ၁၈

မေး။   သားရဲ့နာမည်ဘယ်လိုခေါ်သလဲ။

ဖြေ။    မောင်ကောင်းထက်ထွန်းဖြစ်ပါတယ်။

မေး။   သားရဲ့အသက်နဲ့နေရပ်လိပ်စာကိုပြောပြပေးပါ။

ဖြေ။    သားရဲ့အသက်က(၁၄)နှစ်ဖြစ်ပါတယ်၊အမှတ်(၁၅) သီတာလမ်း မင်းပိုင်းရပ်ကွက်ဖြစ်ပါ တယ်။

မေး။   သားတက်ရာက်နေတဲ့ကျောင်းနဲ့အတန်းကိုပြောပြပါ။

ဖြေ။   သားတက်ရောက်နေတဲ့ကျောင်းကတော့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း

ဖြစ်ပြီး အဌမတန်းမှာပညာသင်ကြားနေပါတယ်။

မေး။   ကာကွယ်ဆေးထိုးနှံမှုအပေါ်သားရဲ့ရင်တွင်းစကားသံကိုသိချင်ပါတယ်။

ဖြေ။   ကိုဗစ်၁၉ရောဂါဖြစ်ပွားနေသောကြောင့် သားတို့ကျောင်းတွေပိတ်ထားရပါတယ်၊   ဒီရောဂါဟာ အလွန်ပြင်းထန်ပြီးတော့ အသက်ဆုံးရှုံးမှု တွေရှိခဲ့ပါတယ်၊ အရင်က ကာကွယ်ဆေးကို အသက်(၁၈)နှစ်အထက်တွေသာ ထိုးနှံပေးခဲ့တယ်လို့သိရပါတယ်၊ အခုအသက်(၁၂) အထက်တွေပါ ထိုးနှံပေးတဲ့အတွက် သားတို့အလွန်ပျော်ပါတယ်၊ သားတို့ဒီရောဂါကူးစက်မှာ အလွန်ကြောက်ပါတယ်၊ ကာကွယ်ဆေး ထိုးနှံပြီးသွားရင် ကူးစက်မှုများလျော့နည်းသွားမယ်လို့လဲ ယုံကြည်ပါတယ်၊ ဒါကြောင့်ကာကွယ်ဆေးထိုးနှံပေးကြတဲ့ တာဝန်ရှိသူများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။

မေး။   သမီးရဲ့နာမည်ဘယ်လိုခေါ်သလဲ။

ဖြေ။    မနန်းချယ်ရီဦးဖြစ်ပါတယ်။

မေး။   သမီးရဲ့အသက်နဲ့နေရပ်လိပ်စာကိုပြောပြပေးပါ။

ဖြေ။    သမီးရဲ့အသက်က(၁၅)နှစ်ဖြစ်ပါတယ်၊အမှတ်(၁၃၉၉) ဓမ္မဒါနလမ်း၊ ရွာလယ်ရပ်ကွက်ဖြစ် ပါတယ်။

မေး။   သမီးတက်ရာက်နေတဲ့ကျောင်းနဲ့ အတန်းကို ပြောပြပါ။

ဖြေ။   သမီးတက်ရောက်နေတဲ့ကျောင်းကတော့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဖြစ်ပြီး နဝမတန်းမှာပညာသင်ကြားနေပါတယ်။

မေး။   ကာကွယ်ဆေးထိုးနှံမှုအပေါ်သမီးရဲ့ရင်တွင်းစကားသံကို သိချင်ပါတယ်။

ဖြေ။ ကာကွယ်ဆေးထိုးနှံရတဲ့အတွက် အလွန်စိတ်လှုပ်ရှားနေပါတယ်၊ ကာကွယ်ဆေးထိုးနှံပြီးရင် ကျောင်းတွေပြန်ဖွင့်မယ်လို့ ကြားရတဲ့ အတွက် ပျော်ရွှင်မိပါတယ်၊ ဒီရောဂါဆိုးကြီး ကြောင့် ကျောင်းတွေပိတ်ထားရတဲ့အတွက် သမီးတို့အတန်းတွေလဲ နောက်ကျနေပါပြီ၊ ကာကွယ်ဆေးထိုးပြီးရင် ရောဂါကူးစက်မှုမခံရဘူးလို့ ယုံကြည်တဲ့အတွက် ဆေးလာ ရောက်ထိုးနှံခြင်း ဖြစ်ပါတယ်၊ သူငယ်ချင်းတွေကိုလဲ ဆေးလာရောက်ထိုးနှံကြဖို့ ပြောချင်ပါတယ်၊ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပြီး သူငယ်ချင်းများနဲ့ ကျောင်းအတူတူ တက်ရအောင် စီစဉ်ပေးသော သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးကိုလဲ ကျေးဇူးတင် ပါတယ်ရှင့်။

 

စောသန္တာဦး