မိုးနဲ အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အချိန်နှင့် တပြေးညီ မိုးနဲမြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ၏ စည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက် ၉နာရီအချိန်တွင် မြို့နယ်ကမ္ဘောဇခန်းမ၌ ၁၈ နှစ်နှင့်အထက် ပထမအကြိမ်ထိုးနှံပြီး၍ ၂၈ ရက်ပြည့်ပြီးသူများကို ဒုတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြန်လည် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ် ကိုဗစ်ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီအသင်းခွဲ စေတနာ့ဝန်ထမ်းများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အုပ်စုလိုက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမကြိမ် ဆက်လက်ထိုးနှံ ပေးလျက်ရှိပြီး ယနေ့တွင်လည်း ယခင် ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအသုတ် ဒုတိယအကြိမ်အဖြစ် ပြန်လည်ထိုးနှံ ပေးနေပြီဖြစ်ရာ လာရောက်ထိုးနှံသူများကို စာရင်းသွင်းပေးခြင်း၊ ကိုယ်ပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများကို စနစ်တကျပြုလုပ်ပေးပြီး ၆ပေအကွာတွင် ထိုင်စေကာ ယခင်ထိုးနှံပေး လျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် SINOPHARM အမျိုးအစားခေါ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တစ်လုံးလျှင် (၅) ယောက်နူန်းဖြင့် အုပ်စုလိုက် ဒုတိယအကြိမ်အဖြစ် လာရောက်ထိုးနှံသူ ၁၅၀ ဦးခန့်ကိုလည်း ထိုးနှံပေးသွားမည်ဖြစ်ကြကြောင်း သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)