ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ဟိုပုံး     အောက်တိုဘာ        ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အသက် (၁၈)နှစ်မှ (၆၅)နှစ်ကြားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး ခြင်းကို အောက်တိုဘာ ၁၈ ရက် နံနက် ၉နာရီက  ဟိုပုံးမြို့နယ်ပြည်သူ့ဆေးရုံ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမ၊ ကျောက်တန်း တိုက်နယ်ဆေးရုံ၊ နမ့်ခုတ်တိုက်နယ်ဆေးရုံ၊  မိုင်းပျဉ်းတိုက်နယ်ဆေးရုံ၊ စံဖူးကျေးလက် ကျန်းမာရေးဌာနခွဲ၊ နောင်ဒေးကျေးလက် ကျန်းမာရေး ဌာန တို့တွင် ထိုးနှံလျက်ရှိသည်။   

ထိုသို့ဆောင်ရွက်ရာတွင် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးနှံနိုင်ရေးအတွက်           မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းမှ ဦးဆောင် ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက     နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ် ဆင့်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အစိုးရကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့/ပရဟိတဝန်ထမ်းများ၊ ဘုန်းကြီး၊ သီလရှင်ကျောင်းနှင့် သာသနာ့ ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းနှင့် အစားအသောက်ဝန်ဆောင်မှု လုပ်ငန်းများ၊ ပုဂ္ဂလိက ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ အကျဉ်းထောင်/အချုပ်ထောင်မှ အကျဉ်းသားများ၊ ပုဂ္ဂလိက ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ကုလသမဂ္ဂဝန်ထမ်းများ၊ EAO များ၊ သယ်ယူပို့ဆောင်ရေးနှင့် နိုင်ငံတကာဝင်/ထွက်ပေါက်များတွင် တာဝန်ယူထားသော လုပ်ငန်းများမှ ဝန်ထမ်းများ၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ၊ ကုန်ပစ္စည်းသိုလှောင်ရေး လုပ်ငန်းများ၊ အခြားဝင် ငွေရှိသောလုပ်ငန်းများ၊ စားသောက်ကုန်ပစ္စည်းရောင်းချသူများ၊ လက်ဖက်ရည်ဆိုင်၊ စားသောက် ဆိုင်များမှ ဝန်ထမ်းများ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ၊ မှိီခို၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများ၊  အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ ဝန်ထမ်းများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးပြီး ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များ နှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)