ကာလိ အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့နှင့်ကျေးရွာများရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်သူများတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးခြင်းကို အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်က ကာလိမြို့အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေသည့်ကာလအတွင်း ကျောင်းသား/သူများအား ရောဂါကူးစက် ပြန်ပွားမှုမရှိစေရေးတွက် အခြေခံပညာစာသင်ကျောင်းများ ယာယီပိတ်ထားခြင်းဖြစ်ပြီး ယခုအခါ ကျောင်းသား/သူများအား ပညာသင်ကြားမှုအခွင့်အရေးများအဆုံးရှုံးစေရေး ၊ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့ကို စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် နိုင်ငံတော်မှ အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား/ကျောင်သူများတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို စီမံဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကျောင်းသား/ကျောင်သူများတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းဆောင်ရွက်မှုတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း နှင့် ကာလိမြို့နယ်မြေရဲစခန်းမှ ရဲအုပ်လှဟန် ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာများတို့က ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကျော်(ကာလိ)