နမ့်ခမ်းမြို့၌ ကျေးရွာအုပ်စုများရှိ အသက်(၁၈)နှစ်အထက် ကျေးရွာပြည်သူများ(၁၄၃၀)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

နမ့်ခမ်း အောက်တိုဘာ ၁၈

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ အသက်(၁၈)နှစ် အထက် ကျေးရွာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်း (၁၀)နာရီအချိန် ကျေးရွာအုပ်စုများရှိ တိုက်နယ်ဆေးရုံများ၊ ကျေးရွာဓမ္မာရုံများနှင့် စာသင် ကျောင်းများ၌ ကျေးရွာအရောက် ကွင်းဆင်း၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ အသက်(၁၈)နှစ်အထက် ကျေးရွာပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွာမှု မရှိစေရန် ကျေးရွာ များအရောက် ကွင်းဆင်းပြီး ယနေ့နံနက်(၁၀)နာရီအချိန်တွင် ကျေးရွာအုပ်စုများ (၅)အုပ်စုဖြစ်သည့် မန့်ဟောင်း(၃၂၆)ဦး၊ မိုင်းဝီး(၄၆၈)ဦး၊ ကွန်လုံ(၃၀၄)ဦးနှင့် ကွန်ဟိုင်း(၁၉၅)ဦးနှင့် နောင်ခမ်း(၁၃၇)ဦး စုစုပေါင်း ကျေးရွာပြည်သူများ (၁၄၃၀)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ကာ ရောဂါကာကွယ်ဆေးထိုးပြီးကြောင်း ဆေးလက်မှတ်ထုတ်ပေးပြီး ကျန်ရှိသည့် ကျေးရွာ အုပ်စုများရှိ အသက်(၁၈)နှစ်အထက် ကျေးရွာပြည်သူများကို ရောဂါကာကွယ်ဆေးထိုးနှံခြင်း မကျန်ရှိစေရန် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအသင်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘဦး(နမ့်ခမ်း)