မိုးနဲမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရေး အသိပညာပေး မြေစိုက်ပိုစတာများစိုက်ထူ

မိုးနဲ     အောက်တိုဘာ  ၁၈

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင် ၊မိုးနဲမြို့နယ်အတွင်းရှိ အသက်(၁၂) နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း အဆင့် ကျောင်းသား/ သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီး ၂၀၂၁-ခုနှစ် အောက်တိုဘာလ အတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံ ပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ထိုးနှံပေးသွားမည်ဖြစ်‌ ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ကျောင်းသား/သူများ၊ ဆရာ/ဆရာမများနှင့် မိဘအုပ်ထိန်းသူများအပြင် ပြည်သူလူထု တစ်ရပ်လုံးက ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းတွင် ပူးပေါင်းပါဝင်လာ နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်ပညာရေး ဌာန ၊ရပ်ကွက်နှင့်‌ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည့် အခြေခံပညာ အထက်တန်းကျောင်းရှေ့ ၊မြို့မ (အလက) ၊ မြို့နယ်အတွင်းရှိ လူအသွား အလာများ သည့်နေရာများနှင့် လမ်းဆုံလမ်းခွ တို့တွင်လည်းကောင်း အသိပညာပေး မြေစိုက် ပိုစတာများ စိုက်ထူခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (ပြန်/ဆက်)