ရန်ကုန် အောက်တိုဘာ ၁၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် အသက် ၁၂ နှစ်အထက်နှင့် အသက် ၁၈ နှစ်အောက်ရှိ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ဆောင်နှင့် ဘိုးရာဇာခန်းမတို့၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် ၁၂ နှစ်အထက်နှင့် အသက် ၁၈ နှစ်အောက်ရှိ အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ ၇၈၈ ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၄၀၁ ဦး၊ စုစုပေါင်း ၁၁၈၉ ဦးတို့အား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး
ကောင်းမွန်သူများအား သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ က ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် အသက် ၁၂ နှစ်အထက်နှင့် အသက် ၁၈ နှစ်အောက်ရှိ ကျောင်းသား၊ ကျောင်းသူများရှိသော အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ရေနံ)၊ ဗိုလ်ချုပ် ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း (ရွာသစ်)၊ ဗိုလ်ချုပ်ကျေးရွာ အမှတ် (၁) အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် ဗိုလ်ချုပ်ကျေးရွာ အမှတ် (၂) အခြေခံပညာ မူလတန်းလွန်ကျောင်းတို့မှ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်