မြဝတီမြို့၌ ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြဝတီ အောက်တိုဘာ ၁၈

 

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပန်းခင်းစီမံချက်ဖြင့်လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက် မည့်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လည်(၁၁)နာရီ အချိန်ခန့်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဋ္ဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်က ပန်းခင်းစီမံချက်ဖြင့် ရက် ပေါင်း(၁၈၀)အတွင်း အချိန်မီပြီးစီးနိုင်ရေးဆောင်ရွက်ရမည့်လုပ်ငန်းများ အချိန်မြန်ပြီးစီး နိုင်ရေး ဆောင်ရွက် ရန် ပြောကြားသည်။

 

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန မြို့နယ်ဦးစီးမှူးဦးကျော်စိုး ထွန်းက ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ်ဇွန်လမှ ဒီဇင်ဘာလအထိ ရက်ပေါင်း(၁၈၀)အတွင်း လုပ်ငန်းများ အချိန်မီပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ယနေ့အထိ လုပ်ငန်းအားလုံး၏ ၃၄ ရာခိုင် နှုန်းပြီးစီးပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသောလုပ်ငန်းများကို အချိန်မီ ပြီးစီးနိုင် ရေးအတွက်   ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့်ပူးပေါင်းကာ ပန်းခင်းစီမံချက် အနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာ ရင်းတို့ကို လုပ်ငန်းစဉ် အဆင့်ဆင့် အချိန်မီပြီးစီးနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တတ်ရောက်လာကြသည့် ဋ္ဌာနဆိုင်ရာများက မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းများအပေါ် ပြန်လည်ဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း  ပြန်လည် ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်