ငါန်းဇွန် အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈) နှစ်ပြည့် ပြီးသူများအားလုံးကို အောက်တိုဘာ ၁၄ရက်နေ့မှစ၍ နေ့စဉ် နံနက် ၉နာရီအချိန်တွင် မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယသုတ် ပထမအကြိမ်ထိုးနှံပေးရာ ယမန်နေ့က မြို့မဇုံမှ (၁ဝ)ဦး၊ မြို့သာဇုံမှ (၆၅)ဦး၊ ငါန်းမြာဇုံမှ (၄၅)ဦး၊ ခြင်္သေ့ လက်ဇုံမှ (၃၀)ဦး၊ သားကျင်ဇုံမှ (၁၅)ဦး၊ ဂျိုဇုံမှ (၂၀) ဦး၊ သံဘိုဇုံမှ (၈၅)ဦး၊ ရေလည် သောင်ဇုံမှ (၂၄)ဦး၊ ကုလားရွာဇုံမှ (၄)ဦး၊ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ အသက်(၁၈) နှစ်အထက် စုစုပေါင်း(၂၉၈)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင် များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ အောက်တိုဘာ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ မြို့နယ် အတွင်းရှိ ဇုံ(၉)ဇုံမှ စုရပ် နေရာများတွင် အသက်(၁၈)နှစ်အထက် (၁၄၁ဝ)ဦး ထိုးနှံပြီးကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)