ဂွမြို့နယ်တွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမှုတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အမျိုးသမီးကော်မတီတို့ အားဖြည့်ကူညီ

ဂွ      အောက်တိုဘာ     ၁၈

 

ရခိုင်ပြည်နယ်၊  သံတွဲခရိုင်၊  ဂွမြို့နယ်တွင်  အသက်(၁၂)နှစ်နှင့်    အထက်  အခြေခံပညာ   ကျောင်းသား၊  ကျောင်း သူများကို  ယနေ့နံနက်ပိုင်းတွင်   အ.ထ.က(ဂွ)  စုရပ်၌   ကိုဗစ်-၁၉ရောဂါ   ကာကွယ်ဆေး  (sinovac)   ထိုးနှံ ဆောင်ရွက်ပေးမှုတွင်   မြို့နယ်မိခင်နှင့်     ကလေးအဖွဲ့ဝင်များနှင့်    အမျိုးသမီး​ကော်မတီဝင်များက      အားဖြည့်ကူညီ  ဆောင်ရွက်ပေးခဲ့ကြကြောင်း  သိရသည်။

 

မြို့နယ်မိခင်နှင့်    ကလေးအဖွဲ့ဝင်များနှင့်     အမျိုးသမီး   ကော်မတီအဖွဲ့ဝင်များသည်     ကိုဗစ်-၁၉   ရောဂါ  ကာကွယ်ဆေး   လာရောက်ထိုးနှံသည့်      အခြေခံပညာ  အလယ်တန်း/  အထက်တန်း    ကျောင်းသား၊   ကျောင်းသူများကို  ပါးစပ်နှင့်နှာ​ခေါင်းစည်း Mask များ    အခမဲ့ဖြန့်ဝေပေးခြင်း၊   ကျန်းမာရေးဝန်ထမ်းများက   ကျောင်းသား၊  ကျောင်းသူများကို     ကာကွယ် ဆေးထိုးပေးခြင်းနှင့်  သွေးပေါင်ချိန် တိုင်းတာပေးနေမှုများတွင် ပါဝင်ကူညီ  အားဖြည့်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့​ကြောင်းသိရသည်။

 

ရွှေရည်ဝင်းကျော်