မြစ်ကြီးနား၊ အောက်တိုဘာ ၁၈
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အသက်၁၂နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ဧရာရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းတွင် ထိုးနှံ ပေးလျက်ရှိသည်။
ဆေးလာရောက်ထိုးနှံသည့် ကျောင်းသားတစ်ဦး၏ ဖခင်မှ “အခုလိုနိုင်ငံတော်က အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးပေးလို့ ကျွန်တော်တို့ ကျောင်းသားမိဘတွေက ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကလေး တွေကို ကိုဗစ်-၁၉ရောဂါနဲ့ ပတ်သတ်တဲ့ စိုးရိမ်ဖိစီးမှုတွေကို လျော့ကျစေပြီး ကျောင်းကိုစိတ်ဖြောင့်ဖြောင့်နဲ့ လွှတ်လို့ရပြီ။ဒီရောဂါကြောင့် ကလေးတွေရဲ့ ပညာရေးကို နောက်မကျစေချင်တော့ဘူး “ဟုဆိုသည်။
အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပြီး ကချင်ပြည်နယ်အတွင်း အသက် ၁၈ နှစ် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ စုစုပေါင်း (၄၀၀၁၆၈)ဦး ရှိပြီးဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)