မုံရွာမြို့ ပေါ်ရှိ ကျောင်းသား ကျောင်းသူ(၁၁၀၀)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေး

 မုံရွာ အောက်တိုဘာ ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌ ဦးဇော်တင်မိုးသည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ နံနက်(၉)နာရီခွဲက  မုံရွာမြို့ပေါ်ရှိ ဆေးထိုးစုရပ်များဖြစ်သည့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း မုံရွာ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာသိပ္ပံကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အလုံတို့တွင်  “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ  သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ တပ်မတော်ဆေးထိုးအဖွဲ့များ၊ လုံခြုံရေးရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့များ ပူးပေါင်း၍ အသက် ၁၂ နှစ်နှင့်အထက်  အခြေခံပညာအလယ်တန်း/အထက်တန်း ကျောင်းသားကျောင်းသူစုစုပေါင်း(၁၁၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆိုင်နိုဗက် (Sinovac) စတင် ထိုးနှံပေးနေမှုအခြေအနေနှင့် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဆိုင်ရာ မြိူ့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများက အဆိုပါကျောင်းများရှိကျောင်းသား ကျောင်းသူများ အား ပန်းခင်းစီမံချက်ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ အသက်(၁၂) ပြည့်နိုင်ငံ သားစီစစ်ဆေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအေခြအနေတို့အား  ကြည့်ရှုစစ်ဆေးပြီး  လာရောက် ဆေးထိုးကြသော ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့သည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆိုင်နိုဗက် (Sinovac) စတင်ထိုးနံပေးခဲ့ရာတွင် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမုံရွာတွင် (၂၇၄)ဦး၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ သိပ္ပံကျောင်းတွင် (၁၂၀)ဦးနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အလုံတို့တွင်(၇၀၆)ဦး၊ စုစုပေါင်းကျောင်းသား ကျောင်းသူ (၁၁၀၀)ဦးအား ပထမအကြိမ် ထိုးနှံပြီးစီးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိကျောင်းသားကျောင်း သူများကို လည်း သတ်မှတ်ဆေးထိုးနေရာများတွင် သတ်မှတ်ရက်အလိုက် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)