ထားဝယ်မြို့နယ်အတွင်းရှိ အသက်(၁၂)ပြည့်ပြီးသော ကျောင်းသား၊ ကျောင်းသူများကို ပထမအကြိမ်(Sinovas)ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ထားဝယ်  အောက်တိုဘာ    ၁၈

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်ပြည့်ပြီးသော ကျောင်း သား၊ ကျောင်းသူများကို ပထမအကြိမ်(Sinovas) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ က အထက(၁)ထားဝယ်၊အထက(၅)ညောင်ရမ်းတောင်နှင့် အထက(ခွဲ)ရောင်းမော်ကျောင်း တို့ တွင် ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

 

အဆိုပါ အသက်(၁၂)ပြည့်ပြီးသော ကျောင်းသား၊ ကျောင်းသူများကို ဆေးထိုးနှံပေးရာတွင် ဆေးထိုးရန်ရောက်ရှိလာကြသည့် ကလေးများအား စာရင်းကောက်ယူရေးအဖွဲ့များက စာရင်းများကို ကောက်ယူကြပြီး အပူချိန်များတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်များ တိုင်းတာပေး ခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ဆေးထိုးရန်သတ်မှတ်ထားသည့် နေရာများတွင် ကျန်းမာရေး ဆရာ၊ ဆရာမများက ကို ဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးခဲ့ကြသည်။

 

ထားဝယ်မြို့နယ်အတွင်းရှိ  ဆေးထိုးစုရပ်နေရာ  ကျောင်းများဖြစ်သည့် အထက(၁)ကျောင်းတွင် ကျောင်းသား၊‌ ကျောင်းသူ(၃၄၇) ဦး၊ အထက(၅)ညောင်ရမ်းတောင် ကျောင်းတွင်(၂၅၈) ဦး နှင့် အထက(ခွဲ)ရောင်းမော်ကျောင်းတွင် (၈၂)ဦး စုစုပေါင်း (၆၈၇)ဦးကို ထိုးနှံပေးနိုင်ခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများကို ဆေးထိုးပေးသည့် စုရပ်နေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဥက္ကာ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ လိုက်ပါလျက် အားပေးစကားများပြောကြားပြီး ဆေးထိုးရန်ကျန်ရှိသည့် အသက်(၁၂) ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးသွား မည်ဖြစ် ကြောင်း သိရသည်။

 

နိုင်ဝင်း