မြင်းခြံမြို့တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှု ကြည့်ရှုအားပေး

မြင်းခြံ အောက်တိုဘာ ၁၈

         

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်ဇော်ထွေး၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီ အချိန်က မြင်းခြံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အသက် ၁၂ နှစ်နှင့် အထက် အသက် ၁၈ နှစ်အောက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး(Sinovac) ထိုးနှံနေမှုကို ကြည့်ရှုအားပေးကြသည်။

                  

ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) လာရောက်ထိုးနှံကြသည့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများ နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ သွေးပေါင် ချိန် တိုင်းတာခြင်း၊ အမည်စာရင်းသွင်းနေမှုနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုတို့ကို ကြည့်ရှု ခဲ့ကြပြီး ဆေးထိုးနှံပြီးသည့် ကျောင်းသား ကျောင်းသူများအား အချိုရည်ဘူးများ ပေးဝေခဲ့သည်။

         

မြင်းခြံမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်နေရာများမှာ အ.ထ.က-၁ မြင်းခြံ၊ အ.ထ.က ဆီမီးခုံမြို့၊ အ.ထ.က(ခွဲ) သင်ပြွန်းကျေးရွာ၊ အ.ထ.က(ခွဲ) ကုက္ကဲကျေးရွာ စုစုပေါင်း စုရပ် (၄) နေရာတွင် ထိုးနှံပေးလျက်ရှိပြီး ယနေ့တွင် အ.ထ.က(၁) မြင်းခြံစုရပ်တွင် ကျောင်းသား ကျောင်းသူ (၂၀၀) ဦး ၊ အ.ထ.က ဆီမီးခုံစုရပ် တွင် ကျောင်းသား ကျောင်းသူ (၁၁၉) ဦး စုစုပေါင်း (၃၁၉) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ယနေ့အချိန်ထိ အသက် ၁၂ နှစ်နှင့်အထက် အသက် ၁၈ နှစ်နှင့်အောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးသည့် ကျောင်းသား ကျောင်းသူဦးရေမှာ (၇၄၅) ဦးရှိကြောင်း သိရသည်။                                       

 

ကျော်စွာ(မြင်းခြံ)