လယ်ကျိုးကျေးရွာ မီးဘေးသင့်အိမ်ထောင်စု (၂)စုအတွက် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ သွားရောက် ထောက်ပံ့
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လယ်ကျိုးကျေးရွာ၌ မီးဘေးသင့်အိမ် ထောင်စု(၂)စုအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မကွေးတိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးစီးမှူး(ဒုတိယတန်း)ဒေါ်ခိုင်ခိုင်လှ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဇော်မိုးအောင်နှင့် တပ်ဖွဲ့ဝင်များမှ မီးဘေးသင့်အိမ်ထောင်စု လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။