ရွှေတောင်မြို့နယ်တွင် ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂၀၂၂)သင်တန်းဆင်းပွဲ ကျင်းပ

ရွှေတောင် ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်ခိုင်စိုးက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးစိုးမြင့်အောင်မှ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ပြီး သင်တန်းတွင် စာတွေ့လက်တွေ့အမှတ်အများဆုံးရရှိသောသင်တန်း(ပ၊ ဒု၊ တ)သုံးဦးကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်ခိုင်စိုး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်ပြည့်ပြည့်ဖြိုးဝေလှိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မြင့်မြင့်သူတို့က ဆုများချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ ကြက်ခြေနီသင်တန်းနည်းပြဆရာများကို ဂါရဝလက်ဆောင်များပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။

ကိုကိုမင်း ( ပြန်/ ဆက်)