ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက  စာအုပ်စာပေ ဝါသနာရှင်များအသင်း Book Club နှင့် ပူးပေါင်း၍ စာရေးဆရာမ အေပရယ်ယုနိုင် (ရွှေတောင် ) ရေးသားထားသော “မမဆိုသောသမီးကြီး” စာအုပ်ဖြင့် မုဒိတာ စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နယ်လှည့်ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ မိုင်းကိုင်မြို့နယ်အတွင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း-ခွဲ (မိုင်းကိုင်)သို့ ကွင်းဆင်း၍ နယ်လှည့်ဟောပြောပွဲနှင့် ပြပွဲဆောင်ရွက်ခဲ့ကြသည်။

Digital Library စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် e-Library Management System Software အသုံးပြုနည်းသင်တန်း (၃/၂၀၂၂)ဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့စာကြည့်တိုက်များအခန်းကဏ္ဍမြှင့်တင်နိုင်ရေးနှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍမြှင့်မားရေးအတွက် သမားရိုးကျစာကြည့်တိုက်လုပ်ငန်းစနစ်မှ Digital Library စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးe-Library Management System Software အသုံးပြုနည်းသင်တန်း (၃/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ကျင်းပသည်။

မင်းလှ၌ ၂၀၂၃ -၂၀၂၃ မိုးစပါး RS-CS မျိုးစေ့ထုတ်စံပြကွက် သရုပ်ပြစိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ မိုးစပါး RS-CS မျိုးစေ့ထုတ် စံပြကွက်စိုက်ပျိုးသရုပ်ပြခြင်း ဝက်လှကြီးအုပ်စု၊ ညောင်နီကုန်းကျေးရွာအနီး ကွင်းအမှတ်(၁၁၀၄)၊ တောင်သူဦး ထွန်းဇော်၏ လယ်မြေ (၁၀) ဧက၌ ယမန်နေ့လည် ၃ နာရီချိန်က ဆောင်ရွက်ခဲ့သည်။

ပင်လောင်းမြို့နယ်အတွင်း အစေ့ထုတ်ပြောင်းဆံ စိုက်ပျိုးမှု များပြား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း အစေ့ထုတ်ပြောင်းစိုက်ပျိုးမှု ယခင်နှစ်ကထက်များပြားကြောင်း ပြောင်းစိုက်တောင်သူတစ်ဦး ထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချူပ်သည် သုံးမွှာပူးကလေးငယ်များအားကြည့်ရှု၍ ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ တိုင်းခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလာသောအဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက ကြို့ပင်ကောက်မြို့၊ ပြည်သူ့ဆေးရုံတွင်တက်ရောက်၍ ဆေးဝါးကုသမှုခံယူနေသော

မိုင်းလုံမြို့တွင် အခြေခံပညာအဆင့် ကျောင်းသား/သူများအား Vero Cell ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေး

ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးကိုကျန်းမာပျော်ရွှင်စွာ သင်ကြားနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား၊ သူ(၄၀၂)ဦးအား Vero Cell ကာကွယ်ဆေးများကို (ပထအကြိမ်)အဖြစ် အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်ခန့်က  ကျောင်းသား/သူများအား  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ် ရေလဲကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာချက်သင်တန်း ဖွင့်လှစ်သင်ကြား

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စစ်ဘိုကြီးကျေးရွာအုပ်စု၊ ရေလဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာချက်သင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

မိုင်းပန်မြို့နယ်၌ မိုးစပါးဘက်စုံတောင်သူများအား မျိုးစပါး(Cs) ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မိုးစပါးဘက်စုံတောင်သူများအား မျိုးစပါး(Cs)ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၈:၃၀)နာရီခွဲအချိန်က စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၊ ရှေးဟောင်းသမိုင်းဝင် ကျိုက္ကမျွမ်လိပ်ဥကုန်း ဘုရားကြီးဝန်းအတွင်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို​ပြေစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး၊ ရာသီဥတုကောင်းမွန် မျှတလာစေရေး၊ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့အား ကြိုဆိုသောအားဖြင့် "ဘုရားကျောင်းကန်စေတီရံလည်း သစ်ပင်ရှိမှ ပနံရလိမ့်" ဟူသော ဆောင်ပုဒ်နှင့်အညီ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈)နာရီအချိန်က အဆိုပါ ဘုရား​ကြီးဝန်းအတွင်း သစ်ပင်စိုက်ပျိုးကြသည်။
Subscribe to