ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ဆရာဦးအောင်နိုင်၏ "ကုမ္ပဏီစီးပွားရေးလုပ်ငန်းများအတွက် စီမံခန့်ခွဲနည်း-၁ဝဝ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၉နာရီက ဒေသခံပြည်သူများအနေဖြင့် စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုး သူများ ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်စေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။