လူငယ်နှင့် အနာဂတ်အသိပညာပေး Talk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်အနာဂတ်အသိပညာပေး Talk Showကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကွန်ဟိန်းမြို့၊မြေစိုက်ပြဘုတ်၌ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စဆောင်ရွက်ထားရှိမှုမှတ်တမ်းများပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်ပြဘုတ်၌ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စဆောင်ရွက်ထားရှိမှုမှတ်တမ်းများအား ယနေ့နံနက်ပိုင်းမှ စတင်၍ ပြသထားကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပမထအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မင်္ဂလာဒီပရပ်ကွက်၊ အမှတ်(၉၇) အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ထိုးနှံပေးလျက်ရှိသည်။

လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ လက်တွေ့အသုံးချဓာတ်ပုံပညာသင်တန်း (အခမဲ့) ဖွင့်လှစ်

နေပြည်တော်အတွင်းရှိ ဓာတ်ပုံဝါသနာရှင်များနှင့် ဓာတ်ပုံရိုက်ကူးခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်လိုသူများအတွက် လက်တွ့အသုံးချဓာတ်ပုံပညာသင်တန်း(အခမဲ့)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ အခြေခံဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာများမှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသော ကြက်ခြေနီတပ်ဖွဲ့ဝင်များအနေဖြင့် စနစ်တကျဆောင်ရွက် နိုင်ရန်အတွက်  အခြေခံဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို ယမန်နေ့က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာနှင့်ကမ်းနားကျေးရွာတွင်  ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစင်တာ ဟိတဓရ‌ဖောင်ဒေးရှင်း(ခွဲ)နှင့် ဆရာတော်/သံတော်ကြီးများက ဦးဆောင်၍ မြို့နယ်အတွင်း ကျေးရွာများမှ ယဉ်ကျေး လိမ္မာဓမ္မစကူးလ် သင်တန်းများကို ဖွင့်လှစ်သင်ကြားခဲ့ရာ ယမန်နေ့က မဲဆမိတ်ကျေးရွာနှင့်သမ္ဘာန် ကျေးရွာအုပ်စု၊ ကမ်းနားကျေးရွာတို့တွင် ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်းတန်းဖွင့်ပွဲအခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင်(Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ သိရှိနိုင်စေရန်အတွက် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ပိုင်းက ရွှေတောင်မြို့နယ် နွားမယံကျေးရွာ အုပ်စုကွင်းအမှတ် ( ၄၀၈) တောင် သူ ဦး ဌေးဝင်း၏ပဲတီစိမ်း (၁၆)ဧက စိုက်ပျိုးထားရှိရမှုအပေါ်တွင် နေကြာသီးညှပ် (၅)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများအား ကြည့်ရှုစစ်ဆေးပြီး ဒေသတွင်း ဆီဖူလုံမှု ရရှိစေရေးအတွက် ပဲမျိုးစုံနှင့်နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးသွားရန်နှင့် ဒေသခံ တောင်သူများအား အလားတူ စည်းရုံးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ လူထုစိန်ဝင်းရေးသားထားသော “မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး” စာအုပ်အား စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to