ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ရောက်ရန် ၁၈၇၆ စင်တီမီတာ ရောက်ရှိလာ

ညောင်ဦး ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၁၈၇၆ စင်တီမီတာသို့ တဖြည်းဖြည်းရောက်ရှိလာကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။

ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲ အချိန်တိုင်တာချက်အရ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအောက်သာ ရောက်ရှိနေသေးပြီး၂၁၂၀ စင်တီမီတာရောက်ရှိရန် ၂၄၄ စင်တီမီတာလျှော့နည်းကြောင်း၊ ယနေ့နံနက် ဧရာဝတီမြစ်ရေတိုင်းတာချက်အရ ၁၈၇၆ စင်တီမီတာရှိနေကာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အခြေအနေများအား ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှုအခြေအနေအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းကာသတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်ထံကသိရှိရကာ ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေတိုင်းတာခြင်းများအား တစ်ရက်သုံးကြိမ် တိုင်းတာကြောင်း၊ စိုးရေ ရေမှတ်ရောက်ရန် ၁၀၀ စင်တီမီတာရောက်ရှိချိန် မြစ်ရေကြီးသတိပေးချက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်းသိရသည်။

ကိုကြေးမုံ