လဲချားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲဆောင်ရွက်

လဲချား   ဇွန်   ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲအား ယမန်နေ့ နေ့လည်(၁:၀ဝ) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ လဲချားမြို့နယ်ရုံး မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့်ဆွေက စာအုပ်ပြပွဲ ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ကျောင်းသား/သူများအား စာအုပ်ပြပွဲပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်မှာ စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ Social Media ပေါ်တွင်အချိန်ကုန်နေခြင်းထက် စာအုပ်စာစောင်များအား စိတ်ဝင်စားလာစေရန်၊ စာအုပ်စာစောင်များမှ လူ့လောက သဘောသဘာဝကို ပိုမိုပြီးသိရှိစေရန်၊ စာအုပ်များမှ အသိစိတ်၊ ဗဟုသုတနယ်ပယ်ကို ကျယ်ပြန့်စေပြီး ယုံကြည်မှုအသစ်များကို ရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

လဲချားမြို့နယ်(ပြန်/ဆက်)