ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး သံတွဲခရိုင်နှင့်ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံ

သံတွဲ ဇွန် ၂၀

ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် အဖွဲ့ဝင်ဦးအောင်စောဝင်းနှင့် ဒေါ်နုမြဇံတို့ လိုက်ပါလျက် ယနေ့မန်နေ့ နံနက် ၉ နာရီက သံတွဲမြို့သို့ ရောက်ရှိပြီး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တည်ဆောက်မည့် မြေနေရာများဖြစ်သည့်  အမှတ်(၂)ရပ်ကွက်၊ စီမံကိန်းလမ်းရှိ မြေနေရာနှင့် အမှတ်(၈)ရပ်ကွက်၊ ဒွါရာဝတီတံတားဦး ခရိုင်အားကစားကွင်းရှိ မြေနေရာများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္က္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများက မြေရာဇဝင်ဆိုင်ရာများကို ရှင်လင်းတင်ပြကြပြီး ပြည်တောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။

ထို့နောက် မွန်းလွဲ ၁ နာရီတွင် သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သံတွဲခရိုင်နှင့် ကျောက်ဖြူခရိုင်တို့မှ ရွေးကောက်ပွဲကော်ရှင် အဖွဲ့ခွဲရုံးဝန်ထမ်းများ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ အမှာစကား  ပြောကြားခဲ့သည်။

ထိုသို့ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်မှု၊ လူဦးရေစာရင်းကောက်ယူပြီးစီးမှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်းများမှန်ကန်စွာ ပြုစုရေးဆိုင်ရာများ၊ PR စံနစ်ဖြင့်ရွေးကောက်ပွဲပြောင်းလဲကျင်းပပေးမည့် အခြေအနေများနှင့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေဆိုင်ရာများကို   လမ်းညွှန် မှာကြားခဲ့သည်။

ဆက်လက်၍ သံတွဲခရိုင်နှင့် ကျောက်ဖြူခရိုင် ရွေးကောက်ပွဲအရာရှိတို့က လူဦးရေစာရင်း  ကောက်ယူပြီးစီးမှုနှင့် မဲစာရင်းပြုစုပြီးစီးမှု အခြေအနေများနှင့် ရုံးတည်ဆောက်ရေးအတွက် မြေနေရာရရှိမှုနှင့် ရုံးဆောက်လုပ်ပြီးစီးမှုအခြေအနေများကို တင်ပြကြပြီး  ခရိုင်/မြို့နယ်ရွေးကောက်ပွဲ အရာရှိများက ရုံး၏လိုအပ်ချက်များ၊ ဝန်ထမ်းလိုအပ်ချက်များကို တင်ပြကြရာ ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်ဥက္က္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ထို့နောက် ပြည်တောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (ရခိုင်ပြည်နယ်တာဝန်ခံ) ဒေါ်နုမြဇံက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္က္ကဋ္ဌနှင့် တာဝန်ရှိသူများသည် သံတွဲခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး  လိုအပ်သည်များကို လမ်းညွှန်  မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)