လယ်ကျိုးကျေးရွာ မီး​ဘေးသင့်အိမ်ထောင်စု (၂)စုအတွက် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ သွားရောက် ထောက်ပံ့

ဆင်ပေါင်ဝဲ  ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လယ်ကျိုးကျေးရွာ၌ မီးဘေးသင့်အိမ် ထောင်စု(၂)စုအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မကွေးတိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးစီးမှူး(ဒုတိယတန်း)ဒေါ်ခိုင်ခိုင်လှ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဇော်မိုးအောင်နှင့် တပ်ဖွဲ့ဝင်များမှ မီးဘေးသင့်အိမ်ထောင်စု လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ထိခိုက်ခံစားရသည့် အိမ်ထောင်စု(၂)စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း များ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်းများနှင့် အမျိုးသမီးတစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများကို မကွေးတိုင်းဒေသကြီး ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဦးစီးမှူး(ဒုတိယတန်း)ဒေါ်ခိုင်ခိုင်လှနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးတို့မှ ပေးအပ်လှူဒါန်းခဲ့ပြီး အသိပညာပေးဗီနိုင်းကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်လင်း (မြို့နယ်ပြန်/ဆက်)